Territory Sales Manager

-Local Full-Timemid
OtherTerritory Sales Manager
1 views0 saves0 applied

Quick Summary

Technical Tools
OtherTerritory Sales Manager

ဟဲဟိုးမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် အိမ်မဲမြို့နယ်များတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး ဗျူဟာမြောက်တွေးခေါ်နိုင်မယ့် စံပြခေါင်းဆောင်ဖြစ်သော Territory Sales Manager (၃) ဦးကို ရှာဖွေနေပါတယ်။ သင်အနေဖြင့် အရောင်းရလဒ်ကောင်းများ ရရှိအောင်တင်မကဘဲ အရောင်းတာဝန်ခံများကို တောင်သူတွေရဲ့ ရေရှည်ယုံကြည်ရတဲ့ လက်တွဲဖော်များ ဖြစ်လာအောင် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒေတာအခြေပြုတဲ့ ဗျူဟာတွေနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကို အသုံးပြုပြီး အရောင်းမြှင့်တင်ခြင်း၊ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုကောင်းမွန်စေခြင်းနှင့် တောင်သူများကြားမှာ ရေရှည်ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 


လုပ်ဆောင်ရမည့်တာဝန်များ


Drive Sales Growth

  • နယ်မြေအတွင်း အရောင်းရည်မှန်းချက်များ ပြည့်မီစေရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် ဒေသအလိုက် ကိုက်ညီမည့် အရောင်းစီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဘက်ဂျက်များနှင့် စာရင်းဇယားများကို စီမံခန့်ခွဲခြင်း။
  • ဈေးကွက်အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ပြီး အရောင်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ဒေတာအခြေပြု အချက်အလက်များကို အသုံးချဆောင်ရွက်ရန်။
    ကွင်းဆင်းလုပ်ဆောင်ချက်များ၊ အရောင်းကမ်ပိန်းများ၊ ဝယ်ယူသူများနှင့် ထိတွေ့ဆက်ဆံမည့် အစီအစဉ်များကို ဦးဆောင်ဆောင်ရွက်ရန်။


Lead & Develop Your Team

  • အရောင်းတာဝန်ခံများကို တောင်သူများအတွက် ရေရှည်ယုံကြည်ရသော လက်တွဲဖော်များ ဖြစ်လာစေရန် လမ်းညွှန်ပြသပေးခြင်းနှင့် ပံ့ပိုးကူညီပေးရန်။
  • အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးပြီး ပုံမှန်အကြံပြုချက်များ ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်မှုကို မြှင့်တင်ပေးရန်။
  • မိမိတာဝန်ယူရသော နယ်မြေအတွင်း ဝန်ထမ်းသစ်များ ရွေးချယ်ခန့်အပ်ခြင်း၊ လုပ်ငန်းခွင်အဆင်ပြေအောင် ပံ့ပိုးပေးခြင်း (Onboarding) နှင့် အဖွဲ့အစည်း စွမ်းဆောင်ရည် တိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးရန်။


Build Strong Relationships

  • တောင်သူများ၊ အရောင်းကိုယ်စားလှယ် (Dealer) များနှင့် ဒေသတွင်းရှိ သက်ဆိုင်သူများ (Stakeholders) နှင့် ရေရှည်ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ရန်။
  • တောင်သူများ၏ လိုအပ်ချက်များနှင့် စိုက်ပျိုးရေးဈေးကွက်၏ လှုပ်ရှားမှုအလားအလာများကို ပိုမိုနားလည်နိုင်စေရန် ဈေးကွက်သတင်းအချက်အလက်များနှင့် ဝယ်ယူသူများ၏ အကြံပြုချက်များကို ရှာဖွေစုဆောင်းရန်။


Collaborate & Innovate

  • တောင်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် Cross-functional Teams နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန်။လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိရောက်မှုများနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို ပိုမိုကောင်းမွန်စေရန် ဒေတာ၊ ဒီဂျစ်တယ်စနစ်များနှင့် နည်းပညာများကို ထိရောက်စွာ အသုံးချရန်။
  • ဒေသတွင်းနှင့် အဖွဲ့အစည်းတစ်ခုလုံး၏ မဟာဗျူဟာများကို ပုံဖော်ရာတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အထောက်အကူပြုမည့် အကြံဉာဏ်များ၊ မြေပြင်အမြင်များကို တက်ကြွစွာ မျှဝေပံ့ပိုးရန်။


လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ။
  • စိုက်ပျိုးရေးကဏ္ဍတွင် အနည်းဆုံး အရောင်းအတွေ့အကြုံ (၃) နှစ် ရှိပြီး အရောင်းအဖွဲ့ကို စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ။
  • ဒေတာများကို ပြန်လည်သုံးသပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကာ စီးပွားရေးအမြင်ရှိသူ။
  • ဖုန်း၊ ကွန်ပျူတာ၊ ဒီဂျစ်တယ်စနစ်များနှင့် AI နည်းပညာများကို အဆင်ပြေပြေ အသုံးချနိုင်ပြီး အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်သူ။
  • လူမှုဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းတွဲဖက်များနှင့် ရေရှည်လက်တွဲလုပ်ဆောင်နိုင်သူ။
  • အဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာ ဒေသများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်သူ။


သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။  သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ တောင်သူများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။


Proximity Designs အကြောင်း

Proximity Designs သည် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှုများကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာအား မြေဆီလွှာပြုစုပျိုးထောင်ခြင်း၊ ရိက္ခာပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဝင်ငွေတိုးပွားစေခြင်းတို့တွင် ကူညီပေးနေသည့်အပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိ၍ လိုက်လျောညီထွေလုပ်ဆောင်နိုင်စေရန် တည်ဆောက်ပေးခြင်း နည်းလမ်းများဖြင့် အဆိုပါပြဿနာများကို အဓိက ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝင်ငွေနည်းပါးသော တောင်သူသုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာပြီး တီထွင်ဆန်းသစ်ထားသည့် အသေးစား ရေသွင်းစိုက်ပျိုးရေးစနစ်များ၊ ဇီဝမြေသြဇာနှင့် ဇီဝပိုးသတ်ဆေးများအပြင် သီးနှံကာကွယ်ရေး ကွင်းဆင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ 

 

လွန်ခဲ့သည့် (၂၄) နှစ် အတွင်း ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝင်ငွေနည်းပါးသော စိုက်ပျိုးရေး လုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၃) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၁၆၀၀) သန်းအထိ တိုးပွားအောင် ဖန်တီးပေးနိုင်ခဲ့ပါသည်။ ဤကဲ့သို့ ဝင်ငွေတိုးတက်လာခြင်းကြောင့် တောင်သူများသည် ၎င်းတို့သားသမီးများ၏ ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများတွင် ဖြည့်ဆည်းပေးနိုင်သည့်အပြင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးရွာစီးပွားရေးလုပ်ငန်းများတွင်လည်း ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ကြပြီ ဖြစ်ပါသည်။


လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ Proximity သည် လုပ်ငန်းခွင်အတွင်း အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်ရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ နှောင့်ယှက်စော်ကားမှုကင်းစင်သော လုပ်ငန်းခွင်ဖြစ်မြောက်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှု အပါအဝင် ဝန်ထမ်းရေးရာ မူဝါဒအသီးသီးကို တိကျစွာ ချမှတ်ကျင့်သုံးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။

 

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Location & Eligibility

Where is the job
-
On-site at the office

Listing Details

Posted
August 4, 2026
First seen
September 25, 2026
Last seen
October 12, 2026

Posting Health

Days active
18
Repost count
0
Trust Level
20%
Scored at
October 14, 2026

Signal breakdown

freshnesssource trustcontent trustemployer trust
Newsletter

Stay ahead of the market

Get the latest job openings, salary trends, and hiring insights delivered to your inbox every week.

A
B
C
D
Join 12,000+ marketers

No spam. Unsubscribe at any time.

Territory Sales Manager